Sunday, August 28, 2016

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံညီလာခံ ပူးတွဲကျင်းပရေးကော်မတီ ပထမအကြိမ် အစည်းအဝေးကို ဒီနေ့နံနက်ပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပနေပါတယ်။






















အဲ့ဒီအစည်းအဝေးမှာ ကော်မတီဥက္ကဌ ကိုယ်စား ပူးတွဲဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီဒုဥက္ကဌ ပဒိုကွယ်ထူးဝင်းနဲ့ ဦးသုဝေ တို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။
ဒီကနေ့ဆွေးနွေးပွဲမှာ ပူးတွဲကျင်းပရေးကော်မတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တွေကို တင်ပြတာ၊ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး လုပ်ငန်းကော်မတီက ဆွေးနွေးချက်တွေ တင်ပြတာတွေကို ဆောင်ရွက်ကြမှာဖြစ်ပါတယ်။
ဒီနေ့အစည်းအဝေးမှာ KIO ဒုဥက္ကဌ ၂ ဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်ဆွေးနွေးပါတယ်။ လာမယ့် ၃၁ ရက်နေ့မှာဆိုရင် ၂၁ ရာစု ပင်လုံညီလာခံကို နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။
Photo: Myo Thant Khaing/RFA

သီပေါမြို့နယ်၊ မန္တလေး-လားရှိုးသွားပြည်ထောင်စု လမ်းမကြီးတွင် ကြယ်စင်ဟိန်း ယာဉ်တိမ်းမှောက်သဖြင့် ခရီးသည် (၇)ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မန္တလေး-လားရှိုးသွား ပြည်ထောင်စုလမ်းမကြီး၌ သြဂုတ်လ(၂၇)ရက် က နေပြည်တော်မှ လားရှိုးသို့ ခရီးသည်တင်ပြေးဆွဲနေသော ကြယ်စင်ဟိန်း ယာဉ်တိမ်းမှောက်သဖြင့် ခရီးသည် (၇)ဦးသေဆုံးကာ (၁၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းလူမှုကူညီရေးအဖွဲ့များမှ သိရသည်။
 
“ကျွန်တော်တို့ကို အကြောင်းကြားလာလို့ ကျန်တဲ့ လားရှိုးက ညီနောင်ပရဟိတ အသင်းတွေကို အကြောင်းကြား ပြီးတော့ ကူညီလုပ်ပေးခဲ့တာပါ။ မိုးကလည်းရွာတော့ လမ်းကစလစ်ဖြစ်ပါတယ်။ ကလေးနှစ်ဦးက နေရာမှာတင် ဆုံးနေတာပါ” ဟု ကလေးနှစ်ဦးအား တင်ဆောင်လာသူနာရေးနှင့် လူမှုကူညီရေးအဖွဲ့(လားရှိုး)မှ ဦးမောင်သန်းက ပြောသည်။
 
သီပေါမြို့နယ် နမ့်အွန်ရွာအနီး မိုင်တိုင်အမှတ် ၁၄၉/၄ နှင့် ၁၄၉/၅ကြားတွင် မောင်နှင်းလာသော 9F-519—YOTONG နေပြည်တော်-လားရှိုး ခရီးသည်တင် ကြယ်စင်ဟိန်းယာဉ်မှာ အရှိန်မထိန်းနိုင်ခဲ့ခြင်းကြောင့် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
“ကွေ့ကို အရှိန်နဲ့လားမယ် ပြီးတော့အရှိန်မထိန်းနိုင်ဘဲ ဘရိတ်အုပ်လိုက်တော့ ဒက်စတော့ဖြစ်ပြီး
လာတဲ့ဖက်ကို ပြန်ကွေ့သွားပြီး မှောက်တာပဲဖြစ်နိုင်ပါတယ်။” ဟု ပေးသော လက်စေတနာရှင် လူငယ်များအဖွဲ့က ကိုမြင့်မော်ကသုံးသပ် ပြောသည်။
 
ယာဉ်အား မဆင်မကျင်မောင်းနှင်ခဲ့သည့် ယာဉ်မောင်းအား သီပေါ မြို့မရဲစခန်းမှယာဉ်(ပ) ၃၅/၂၀၁၆ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈/၃၀၄-(က)တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
 
MMK
The Ladies News

ရန်ကုန်-ဒလ မြစ်ကူးတံတားဆောက်မည့် ကုမ္ပဏီကို ရွေးချယ်မည့်အကြံပေးကုမ္ပဏီ တစ်လအတွင်း ရွေးချယ်မည်


ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့် ဒလ မြို့ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးအတွက် ဆောက်လုပ်မည့် ကုမ္ပဏီကို ရွေးချယ်မည့် အကြံပေးကုမ္ပဏီ တစ်လအတွင်း ရွေးချယ်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

၂၀၁၇ ခုနှစ်တွင် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်မည်ဖြစ်ပြီး ငါးနှစ်အတွင်း အပြီးဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"အကြံပေးကုမ္ပဏီကို ရွေးပြီးတာနဲ့ တည်ဆောက်မယ့် ကိုရီးယားကုမ္ပဏီတွေကို တင်ဒါခေါ်မယ်။ ၂၀၁၇ မှာ တည်ဆောက်ဖို့ တင်ဒါ ခေါ်ယူတဲ့အခါ သေချာစိစစ်ပြီး ဆောင်ရွက်သွားမှာပါ"ဟု ၎င်းက ဆိုသည်။

လေးလမ်းသွား သံမဏိကြိုးဆိုင်း အမျိုးအစား တံတားကို တည်ဆောက်မည်ဖြစ်ပြီး တံတားအရှည်မှာ ၆၁၄၄ ပေ ရှည်လျားမည်ဖြစ်ကြောင်း၊ တံတားတည်ဆောက်ရေး ဒီဇိုင်းများကို  ကိုရီယားနိုင်ငံမှ ပညာရှင်များက ရေးဆွဲ တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနထံမှ သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံ အစိုးရချေးငွေဖြင့် တည်ဆောက်မည့် အဆိုပါ တံတားစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းကို ကိုရီယားနိုင်ငံမှ ချေးမည်ဖြစ်ကာ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၂၄ သန်းကို မြန်မာအစိုးရက စိုက်ထုတ် တည်ဆောက်မည်ဖြစ်သည်။

"ရန်ကုန်-ဒလ ဆက်သွယ်တဲ့ တံတားဆောက်ဖို့ ၂၀၁၃ထဲက သတင်းထွက်ပေါ်တော့ ဒလမြေဈေးတွေ တက်သွားတယ်။အခုက ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်မယ်ဆိုရင် လှေ၊ သမ္ဗန်စီးပြီး သွားလာစရာ မလိုတော့ဘူး။ လမ်းပန်း ဆက်သွယ်ရေးလည်း ဖြောင့်ဖြူးသွားတဲ့ အတွက် ဒေသခံ ပြည်သူတွေအတွက်လည်း အဆင်ပြေမှာပါ"ဟု ဒလမြို့နယ်နေ ကိုမိုးဝေက ဆိုသည်။

ပခုက္ကူမြို့နယ် ကမ္မမြို့ အမှတ် (၂) ရပ်ကွက်အတွင်း ဖြတ်သန်း သွယ်တန်းထားသည့် ကျောက်ခွက်ရေနံမြေမှ အရာတော် ရေနံမြေသို့ ပို့လွှတ်သော ရေနံပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွားပြီး လူနေရပ်ကွက်အတွင်း ရေနံများ ပျံ့နှံ့ခဲ့

ကမ္မမြို့တွင် ရေနံပိုက်လိုင်းယိုစိမ့်ပြီး လူနေရပ်ကွက် အတွင်းသို့ ရေနံများ ပျံ့နှံ့နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)
ပခုက္ကူမြို့နယ် ကမ္မမြို့ အမှတ် (၂) ရပ်ကွက်အတွင်းမှ ဖြတ်သန်းသွယ်တန်းထားသည့် ကျောက်ခွက်ရေနံမြေမှ အရာတော် ရေနံမြေသို့ ပို့လွှတ်သော ရေနံပိုက်လိုင်း သြဂုတ် ၂၈ ရက် နံနက် ၈ နာရီခန့်က ယိုစိမ့်မှု ဖြစ်ပွားရာ လူနေရပ်ကွက်အတွင်း ရေနံများ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ် ကမ္မမြို့ အမှတ် (၂) ရပ်ကွက်အတွင်း ဦးလူချင်း အိမ်ဝိုင်းအတွင်း မြေအောက်ရှိ ရေနံပိုက်လိုင်းမှ နှစ်နေရာနှင့် ဦးမျိုးဝင်း အိမ်းဝိုင်းအတွင်း မြေအောက်ရှိ ရေနံပိုက်လိုင်း တစ်နေရာမှ ရေနံများမှာ မြေပြင်ပေါ်သို့ ပန်းထွက်သည်အထိ ယိုစိမ့်မှု ဖြစ်ပွားခဲ့ရာမှ ရေနံများ ရပ်ကွက်အတွင်း ပျံ့နှံ့ခဲ့ခြင်းလည်း ဖြစ်သည်။

“မနက် ၈ နာရီလောက်မှာ သမီးက ကျွန်တော့်ကို ခေါ်ပြတယ်။ မြေကြီးထဲက ဘာတွေ ထွက်လာတာလဲ မသိဘူး ဆိုပြီး။ နောက်တော့ ရေနံတွေမှန်း သိပြီး အပေါ်အထိအောင် ပန်းထွက်လာတယ်။ အတော်လည်း စိုးရိမ်သွားတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတယ်။ တစ်အိမ်လုံး ဘာမီးမှ မသုံးရဲဘူး။ ဂက်စ်နံ့တွေရော ရေနံနံ့တွေရော မွှန်ထူနေတာပဲ” ဟု ပိုက်လိုင်းမှ ရေနံယိုစိမ့်မှု ဖြစ်ပွားခဲ့သည့် နေအိမ်မှ ဦးလူချင်းက ပြောကြားသည်။

ရေနံ အများအပြား မြေပြင်ပေါ်သို့ ယိုစိမ့်ခဲ့ခြင်းကြောင့် အဆိုပါ ရပ်ကွက်နှင့် အနီးဝန်းကျင် နေရာအား လျှပ်စစ်မီး ဖြတ်တောက်ခြင်းနှင့် မီးလောင်မှု ဖြစ်ပွားစေနိုင်သည့် မီးဖိုမီး၊ ဆေးလိပ်မီးများ အသုံးပြုခြင်းအား တားမြစ်ခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးများအား ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အရင် တစ်နှစ်ခွဲ နှစ်နှစ်လောက်ကတည်းက ပိုက်တွေက စိမ့်တယ်လို့ သူတို့ကို ခေါ်ပြတယ်။ သူတို့ဘက်က တစ်ပတ်မှ တစ်ခါလောက် လွှတ်တာဆိုပြီး လာကြည့်ရုံပဲ ကြည့်တယ်။ အဲဒီနောက်ပိုင်း လာမကြည့်တော့ဘူး။ ဒီနေ့ မနက် ၈ နာရီလောက်မှာ ပထမ ရေတွေ ထွက်လာတယ်။ နောက် ရေနံတွေ ထွက်လာတယ်။ အဲဒီမှာ သက်ဆိုင်ရာကို အကုန် အကြောင်းကြားတယ်။ လောင်စာဆီဆိုတော့ အတော် စိုးရိမ်တယ်။ ဖြစ်ရင် တစ်ရွာလုံး အကုန်ပဲ” ဟု ပိုက်လိုင်းမှ ရေနံယိုစိမ့်မှု ဖြစ်ပွားခဲ့သည့် နေအိမ်မှ ဦးမျိုးဝင်းက ဆိုသည်။

ပခုက္ကူမြို့နယ် ကမ္မမြို့နှင့် မြစ်ခြေတိုက်နယ်အား ဆက်သွယ်ထားသည့် လမ်းပိုင်း မိုင်တိုင်အမှတ် ၅ နှင့် မိုင်တိုင်အမှတ် ၈ ကြားရှိ ကျောက်ခွက်ရေနံမြေမှ အရာတော်ရေနံမြေသို့ ပို့လွှတ်သော ရေနံပိုက်လိုင်းတွင်လည်း သုံးနေရာယိုစိမ့်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေနံယိုစိမ့်မှု ဖြစ်ပွားသည့် နေရာများသို့ သာကြီးတောင် ရေနံမြေများမှ တာဝန်ရှိသူများက လာရောက်ပြုပြင်မှုများ ပြုလုပ်နေပြီး မီးသတ်တပ်ဖွဲ့မှ မီးသတ်ဆေးရည်များဖြင့် ပက်ဖျန်းမှုပြုလုပ်၍ ထိန်းချုပ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၄ ရက်က လှုပ်ခတ်သည့် ငလျင်ဒဏ်နှင့် ပိုက်ဆွေးနေရာများ ပေါက်ထွက်၍ ရေနံယိုစိမ့်ရခြင်း ဖြစ်ကြောင်း ကနဦး သုံးသပ်ထားပြီး စစ်ဆေးမှု ပြုလုပ်နေသည့် လုံခြုံရေး အရာရှိက ပျက်စီးဆုံးရှုံးမှုများနှင့် ဆောင်ရွက်နေမှုအား ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ငလျင် လှုပ်ခတ်ခဲ့သည့် သြဂုတ် ၂၄ ရက် နောက်ပိုင်း (၂၅၊ ၂၆၊ ၂၇ ရက်များ)တွင် ရေနံပို့လွှတ်မှု ရပ်နားထားပြီး သြဂုတ် ၂၈ ရက်တွင် ရေနံပို့လွတ်မှု ပြန်လည် စတင်ခဲ့ရာမှ ယိုစိမ့်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်းက ပခုက္ကူမြို့နယ်၊ ညောင်လှကျေးရွာအနီး ရေနံပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွားရာမှ ယိုဖိတ်နေသည့် ရေနံများအား လာရောက် ခပ်ယူသော ဒေသခံများ မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
Writer: 
သက်ထိန်ဝင်း (ပခုက္ကူ)

အလယ်ပိုင်းဒေသတွေ မိုးကြီးနိုင်

မန္တလေးမြို့နယ်မှာ သြဂုတ်လ ၃ ရက်နေ့က ရေကြီးနေတာကို တွေ့ရစဉ်

မြန်မာနိုင်ငံအလယ်ပိုင်းက မန္တလေး၊ မကွေး၊ နေပြည်တော်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ နောက် ၃ ရက်လောက်အထိ မိုးများပြီး ရေကြီးရေလျှံ တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ပါတယ်။

မြစ်တွေ ချောင်းတွေကနေ ရေလျှံတက်လာတွေဖြစ်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"မုတ်သုံအားလျော့နေတဲ့အတွက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ကွက်ပြီး မိုးကြီးနေတာ။ ပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီး မိုးများနေတဲ့ အတွက် ချောင်းရေ၊ မြစ်ရေတွေ လျှံတက်လာတာ၊ လမ်းတွေကို ရေကျော်တာတွေ မြင်းမူ၊ တို့ဘာတို့မှာဖြစ်နေပြီ"

တနင်္သာရီ၊ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်းနဲ့ ကယားပြည်နယ်တွေမှာလည်း ဒီကနေ့ မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုးကြီးနိုင်တဲ့အတွက် သတိထားဖို့ ကြေညာထားတဲ့ မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ နေပြည်တော်တို့ဟာ ဒီလဆန်းလောက်ကစပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ် ခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။

စက်တင်ဘာ ၁ ရက်မှစ၍ ယာဉ်စည်းကမ်းချိုးဖောက်မှုများကို ထိရောက်စွာအရေးယူမည်

 


ရန်ကုန် သြဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်းချိုးဖောက် သော ယာဉ်များကို စက်တင်ဘာ ၁ ရက်မှစ၍ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ယာဉ်စည်းကမ်း ချိုးဖောက်နေမှုများကို ပညာပေးကာလသတ်မှတ်ကာ ဆောင်ရွက်လျက်ရှိပြီး ထိရောက်သည့် အရေးယူမှုကို စက်တင်ဘာ ၁ ရက်မှ စ၍ ဆောင်ရွက် မည်ဖြစ်သည်။ ယာဉ်စည်းကမ်းချိုးဖောက်နေမှုများကို အရေးယူရာတွင် လမ်းပြောင်းပြန်မောင်းခြင်း၊ စည်းကမ်းမဲ့မောင်းခြင်းများအပါအဝင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်မှုများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။

''ထိထိရောက်ရောက်ကို အရေးယူသွားမှာပါ။ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်း ပြီးတဲ့နောက်မှာ ပထမဦးဆုံးအနေနဲ့ စည်းကမ်း ချိုးဖောက်မှုတွေကို အရေးယူမှု စတင်တော့မှာပါ။ အာဏာပိုင်အဖွဲ့အနေနဲ့ ဘတ်စ်ကားပြေးဆွဲမှု စနစ် ကောင်းမွန်အောင် ပြောင်းလဲနိုင်ဖို့ အဓိကထားဆောင်ရွက်နေပါတယ်''ဟု ဒေါက်တာမောင်အောင် က ပြောသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားစေသည့် အကြောင်းရင်းများတွင် စည်းကမ်းမဲ့ ယာဉ်မောင်းနှင်ခြင်းနှင့် ရပ်တန့်ခြင်းများလည်း ပါဝင်နေသည့်အတွက် အဆိုပါကိစ္စရပ်ကို ထိရောက်စွာ ဖြေရှင်းဆောင် ရွက်နိုင်ရန် ထိရောက်သည့် အရေးယူမှုကို ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နာယက အဖြစ် ပါဝင်ဆောင်ရွက်ကာ ဥက္ကဋ္ဌအဖြစ် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး၊ အတွင်းရေးမှူး အဖြစ် ဒေါက်တာမောင်အောင်၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူ များနှင့် ပြင်ပပညာရှင်များပါဝင်ကာ ပြီးခဲ့သည့် ဇူလိုင်လက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

(ဆုနှင်းလဲ့)
MOI Webportal Myanmar

သမ္မတ ဦးထင်ကျော် အိန္ဒိယ၀န်ကြီးချုပ်နဲ့ တနင်္လာနေ့ တွေ့မည်


 

သမ္မတ ဦးထင်ကျော် နှင့်ဇနီး ဒေါ်စုစုလွင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ Taj Mahal ကိုသွားရောက်လေ့လာစဉ်အိန္ဒိယနိုင်ငံ သမ္မတ Pranab Mukherjee ရဲ့ဖိတ်ကြားချက်နဲ့ အိန္ဒိယ နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် သမ္မတဦးထင်ကျော်ဟာ ဒီကနေ့ တနင်္လာနေ့မှာတော့ အိန္ဒိယသမ္မတ နဲ့ရော အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ပါ တွေ့ဆုံဖို့ရှိပါတယ်။ ဒါဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အစိုးရသစ်တက်လာခဲ့ပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် နိုင်ငံ့ခေါင်းဆောင်တဦး အိန္ဒိယနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မကြာခင် လတွေ အတွင်း အိန္ဒိယမှာ ကျင်းပမယ့် BIMSTEC ထိပ်သီးညီလာခံကို တက်ရောက်ဖို့ရှိတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံကို လေးရက်တာခရီးစဉ်နဲ့ စနေနေ့က စတင် ရောက်ရှိခဲ့တာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ Agra မှာ ရှိတဲ့ Taj Mahal ကိုသွားရောက်ခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာတော့ Agra မြို့ကနေ နယူးဒေလီ မြို့တော်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

သမ္မတဦးထင်ကျော်ဟာ ဒီကနေ့ တနင်္လာနေ့မှာ ဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အများအပြားကို လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ လည်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒီအိန္ဒိယ ခရီးစဉ်အတွင်းမှာ သမ္မတနဲ့ ဝန်ကြီးများပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယ မြန်မာနှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေးတွေကို အဓိကထားဆွေးနွေးဖို့ ရှိပါတယ်။

သမ္မတဦးထင်ကျော်ရဲ့ ခရီးစဉ်အတွင်း မိုင် ၁၀၀၀ နီးပါးရှည်လျားတဲ့ အိန္ဒိယ- မြန်မာ နယ်စပ်ဒေသ အတွက် ကောင်းမွန်စွာ စီမံခန့်ခွဲရေးကို ဦးစားပေးပြီး စီးပွားရေးအပါအဝင် ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)